Search in JZ
Hello Visitor,
If you can cannot see the font, you may download and install Zawgyi font because of my site doesn't support for EOT feature in this moment.
Zawgyi-One Font Donwload Link
Login Form
Lost Password?
No account yet? Register
Web Site links
ကျွန်တော် အချိန်ရရင် ရောက်ဖြစ်တဲ့ နေရာလေးတွေပါ။
link MZ Forum
linkဧရာဝတီစာကြည့်တိုက်
linkကိုဒီဘီ
linkကိုစေတန်
linkကိုလူပျိုကြီး
linkကိုထင်လင်းအောင်
linkကိုမိုးမြင့်ရှိန်
link အကီနို
lilnk
Creativefox21
link MMopenXteam
link စာရေးကောင်းတဲ့ မနိုင်းနိုင်း
ကျွန်တော်ရဲ့ အချိန်အပိုင်းအစလေး
တစ်ချို့ဟာ ဒီအိမ်လေးတွေ
လိုက်လည်ရင် ကုန်သွားတာပါ။
ဒီအိမ်လေးတွေကနေ ကျွန်တော်
မသိသေးတဲ့ ဗဟုသုတလေး
တွေကိုလည်း ရခဲ့ပါတယ်။
ကျွန်တော် မေ့နေတဲ့ အိမ်လေး
တွေလည်း ရှိပါသေးတယ်။
Date & Time
ကျွန်တော် Site ထဲမှာ ရှိနေတဲ့
POST တွေကို Category အလိုက်
ကြည့်ချင်တယ် ဆိုရင် ကိုယ်ကြည့်ချင်တဲ့ 
Category ရဲ့ link ကို Click လိုက်ပါ။
Apple's Steve Jobs back at work
Written by Administrator   
Wednesday, 01 July 2009
SJ
ကျွန်တော် ဒီနေ့ ရုံးက အပြန်ရထားပေါ်မှာ STRAITS TIMES ထဲကနေပြီး သတင်းကောင်းတစ်ခု
Entertainment ပိုင်းတွေမှာ သူမတူတဲ့ နည်းပညာ အသစ်အဆန်းတွေကို ဖန်တီးနေတဲ့ Steve Jobs
ဟာ ကျန်းမာရေး ပြန်ကောင်းလာပြီ ဖြစ်လို့  Apple ကို ပြန်လာခဲ့ပါပြီ။ သူဟာ အခုဆိုရင် အသက် 54
သူ့ အကြောင်းဘ၀အနိမ့်အမြင့် တစ်စိတ်တစ်ပိုင်းကိုတော့ ဒီ Link(1 ,2 ,3 ) လေးမှာ ရေးထားတာရှိပါတယ်။
Steve Jobs ဟာ 5 လခန့် Medical Leave ယူပြီး ကုသမှုခံယူခဲ့ရတာလည်း ဖြစ်ပါတယ်။
ဒီ သတင်းနဲ ပတ်သက်လို့  Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ Steve Dowling ကနေ “ Steve is back to work” ဆိုပြီး
AFP သတင်းကနေပြီး Monlay ကပြောခဲ့ပါတယ်။
Apple ဟာ Steve Jobs ရဲ့ ကျန်းမာရေးသတင်းနဲ့ ပတ်သက်ပြီး January လ ကတည်းက နှုတ်ဆိတ်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း Tenessee Hospital ကနေပြီး Steve Jobs ဟာ Liver transplant မျိုးကုသမှု ခံယူခဲ့တယ်လို့ ပြောခဲ့ပါတယ်။
2004 မှာ တုန်းကလည်း Steve Jobs ဟာ Pancreatic Cancer နဲ့ ပတ်သက်ပြီး ကုသမှု ခံယူခဲ့ရဖူးပါတယ်။
အခုလိုမျိုး IT Trend ပေါ်မှာ သမရိုးကျတွေကနေ ခွဲထွက်ပြီး revolution ဆန်ဆန် Idea တွေနဲ့ Product အသစ်အဆန်း
တွေကို ဖန်တီးတတ်တဲ့ Steve Jobs ပြန်လာမှုဟာ Apple အတွက်သာမက နည်းပညာ အသစ်အဆန်းလေးတွေကို ကြိုက်တဲ့
သူတွေ အတွက်ပါ သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ Macintosh ကနေစပြီး အောင်မြင်မှုတွေရခဲ့တဲ့ Steve Jobs
ဆိုတာ ရေပန်းစားလို့ နေပါတယ်။ ဒီလိုမျိုး idea ကောင်းကောင်းနဲ့  Creator တစ်ယောက် နည်းပညာရပ်ဝန်းထဲမှာ ဘာတွေ
ဆက်လုပ်မလဲဆိုတာကို တွေးမိတိုင်း သူပြန်လည်ကျန်းမာလာတဲ့ အတွက် ၀မ်းသာပါတယ်။
Last Updated ( Wednesday, 01 July 2009 )
Intellectual + Ethics
Written by Administrator   
Sunday, 21 June 2009
ထုံးစံအတိုင်း FWD Mail ထဲက ရတာလေးပါ။ ဖတ်လို့ကောင်းလို့ သူငယ်ချင်းတို့ကို ပြန် share လိုက်ပါတယ်။ ရေးတဲ့သူ
နာမည်ပါမလားလို့ လိုက်ရှာကြည့်လိုက်တော့ ရေးသားသူ မနိုင်းနိုင်းစနေပါ။။ အတုယူစရာကောင်းလို့ ဖတ်ကြည့်ကြပါအုံး။
သတိတရနဲ့ Mail ပို့ပေးတာ ကျေးဇူးပါပဲ သူငယ်ချင်း Smile
အသိဥာဏ် + ကိုယ်ကျင့်တရား
တစ်ခါက အသံလွှင့်ဌာနတစ်ခုသည် စီးပွားရေးနယ်ပယ်တွင် အောင်မြင်နေသော လူငယ်တစ်ဦးကို အင်တာဗျူးလေသည်။
အင်တာဗျူး၏ နောက်ဆုံးတွင် ထုံးစံအတိုင်း မေးမြန်းသူက လူငယ်အား....
“အောင်မြင်ဖို့အတွက် ဘယ်အရာက အရေးပါဆုံးလို့ ထင်ပါသလဲ” ဟုမေးခဲ့သည်။ လူငယ်မှာ ခဏမျှစဉ်းစားပြီး အဖြေကို
တိုက်ရိုက်မဖြေဘဲ အောက်ပါ ပုံပြင်ကို ပြောပြသွားခဲ့သည်။
လွန်ခဲ့တဲ့(၁၂)နှစ်တုန်းက လူငယ်တစ်ဦးဟာ ကျောင်းပြီးတာနဲ့ ပြင်သစ်ကို သွားပြီး အလုပ်တစ်ဘက် ကျောင်းတစ်ဘက်နဲ့
ပညာဆက်သင်ခဲ့တယ်။ ပြင်သစ်ကို ရောက်ပြီး မကြာဘူး သူဟာ ပြင်သစ်က ကားဂိတ်၊ ရထားဂိတ်တွေမှာ လက်မှတ်စစ်
တွေ ၊ လက်မှတ်ပြရတဲ့ နေရာတွေ မရှိကြောင်း သတိပြုမိတယ်။ ကားပေါ် ရထားပေါ်မှာလဲ လက်မှတ်စစ်တွေ လာစစ်တာ
အင်မတန်နည်းကြောင်း သတိထားမိပြန်တယ်။ တကယ်လို့ လာစစ်ခဲ့ရင်လဲ ဖမ်းမိမဲ့ကိန်းဟာ လူတစ်သောင်းမှာ တစ်ယောက်
တောင် မရှိနိုင်ဘူးလို့ သူတွက်မိပြန်တယ်။ အဲလိုနဲ့ သူဦးနှောက်ကို တစ်ချက် ကစားလိုက်ပြီး ကားစီးတိုင်းသူဟာ လက်မှတ်
မ၀ယ်ဘဲ စီးခဲ့တယ်။ ကိုယ့်ကိုယ်ကိုလဲ ငါဟာ အလုပ်လုပ်ပြီး ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက် ချွေတာနိုင်သမျှ
ချွေတာမယ်လို့ နှစ်သိမ့်ခဲ့မိတယ်။
အဲဒီလိုနဲ့ ၄ နှစ်ဆိုတဲ့အချိန် ကုန်လွန်သွားခဲ့တယ်။ နာမည်ကြီး တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသား၊ အကျင့်စာရိတ္တ ကောင်းမွန်တဲ့
ကျောင်းသားအဖြင့် သူဟာ ဘွဲ့ရခဲ့တယ်။ ဘွဲ့ရတော့ ပဲရစ်မြို့မှာရှိတဲ့ နိုင်ငံခြား ကုမ္ပဏီတွေမှာ သူအလုပ် လျောက်ခဲ့တယ်။
မိမိကိုယ်ကို ယုံကြည်မှု အပြည့်နဲ့ပေါ့။ ဒါပေမယ့် လျောက်လိုက်တဲ့ အလုပ်တိုင်း သူ အပယ်ခံခဲ့ရတယ်။
အလုပ် စလျောက်တော့ ကုမ္ပဏီတွေက သူ့ကို ၀မ်းသာ အားရကြိုဆိုပြီး အင်တာဗျူးတွေ ဗျူးခဲ့ကြတယ်။ နောက်တော့
ပယ်ပစ်လိုက်ကြတယ်။ ဘာအကြောင်းကြောင့် ပယ်တာလဲဆိုတာ သူတော်တော်သိချင်ခဲ့တယ်။ နောက်ဆုံး ကုမ္ပဏီ တစ်ခုက
ိုသူ အီးမေးလ်ပို့ပြီး အပယ်ခံရတဲ့ အကြောင်းရင်းကို မေးခဲ့တယ်။
ပြန်စာရတော့ စာက အောက်ပါအတိုင်း ရေးထားတယ်။ ခင်ဗျားရဲ့ပညာနဲ့ ထူးချွန်မှုကို ကျွန်တော်တို့ သဘောကျခဲ့တယ်။ ဒါပေမယ့်
ခင်ဗျားရဲ့ ကိုယ့်ကျင့်တရားနဲ့ ယုံကြည်မှု အတိုင်းအတာကို ကျွန်တော်တို့ ပြန်စစ်ဆေးကြည့်တော့ ခင်ဗျားဟာ လက်မှတ်မပါဘဲ
ကားခိုးစီးမှုအတွက် ဒဏ်ငွေသုံးကြိမ် ဆောင်ခဲ့ရကြောင်း ကို ကျွန်တော်တို့ ၀မ်းနည်းစွာ သိခဲ့ရတယ်။ ဒီကိစ္ခနဲ့ ပတ်သက်ပြီး
ကျွန်တော်တို့ ကောက်ချက်ချမိတာက.....
(၁) ခင်ဗျားဟာ စည်းကမ်းမလိုက်နာသူ
(၂) ခင်ဗျားဟာ ယုံကြည်ဖို့ မထိုက်တန်တဲ့သူ
အဲဒီအချက် နှစ်ချက်ကြောင့် ခင်ဗျားကိုကျွန်တော်တို့ ကုမ္ပဏီမှာ မသုံးခြင်း ဖြစ်ပါတယ်။
အဲဒီ စာကို ဖတ်ပြီးမှ လူငယ်ဟာ အိပ်မက်ဆိုးက လန့်နိုးလာသလိုပဲ တုန်လှုပ်ချောက်ချား မိခဲ့တယ်။ အီးမေးလ်ရဲ့ နောက်ဆုံးမှာ
ဒီလို ရေးထားသေးတယ်....
“အသိဥာဏ်၏ ချွတ်ယွင်းမှုကို ကိုယ့်ကျင့်တရားက အမြဲတမ်းလိုက် ဖြည့်စွက်ပေးတယ်။ ဒါပေမယ့် ကိုယ်ကျင့်တရားရဲ့ ချွတ်ယွင်းမှု
ကိုအသိဥာဏ်က ဘယ်တော့မှ လိုက်မဖြည့်စွက်ပေးနိုင်ဘူး။”
အဲဒီ အီးမေးလ်ရပြီး နောက်တရက်မှာ လူငယ်ဟာ သူ့နိုင်ငံကို ပြန်သွားခဲ့တယ်။ ကျွန်တော် ပြောချင်တာကတော့ ဒါပါပဲ....
လူငယ်ရဲ့ စကားအဆုံး အင်တာဗျူးသူများ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ တစ်ယောက်က....
“ဒါဟာ အောင်မြင်ဖို့အတွက် အရေးပါတဲ့ အချက်လို့ ပြောနိုင်လား”
“ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီပုံပြင်ထဲက လူငယ်ဟာ ကျွန်တော်ဖြစ်နေလို့ပါပဲ။ ကျွန်တော်ဒီနေ့လို အောင်မြင်လာရ
ခြင်းဟာလဲ မနေ့က အမှားကို ဒီကနေ့အတွက် သင်္ခန်းစာအဖြင့် ခံယူထားလို့ပါပဲ”
ကျွန်တော် ဒီစာလေးကို ဖတ်ပြီး Yangon မှာနေတုန်းကတစ်ခါတစ်လေ လကုန်ရက် ဆိုရင် ကားခိုးစီးတာ သတိရမိပါတယ်။
နယ်ကလာနေရတာ လစာမှ မလောက်တာ ကားခိုးမစီးရင်လဲရုံးရောက်မှာ မဟုတ်တော့ဘူး။ 
ကျွန်တော် ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုကို ပြောပြမယ်ဗျာ။ကျွန်တော် Programmer ဖြစ်ခါစ Yangon မှာ
နေတုန်းကပေါ့။ သံလမ်းနားက ဆံပင်ညုပ် ဆိုင်မှာ ဆံပင်ညုပ်နေတုန်းမှာ ညုပ်နေတဲ့ အစ်ကိုကြီးကနေ
ညီလေး မင်းဘယ်မှာ အလုပ်လုပ်တာလဲ ?? လို့မေးရော
ကျွန်တော်ကလဲ MICT Park ထဲမှာ computer နဲ့ဆိုင်တဲ့ အလုပ်လုပ်နေတာလို့ ပြန်ဖြေ လိုက်ပါတယ်။
Programmer တို့ဘာတို့ဆိုရင် ဆက်ရှင်းနေရမှာ စိုးလို့ ခပ်ရှင်းရှင်းလေးပဲ ဖြေလိုက်ပါတယ်။ များသောအားဖြင့်
ကျွန်တော်ကို ဆံပင်ညုပ်နေတုန်း ဆံပင်ညုပ်ဆိုင်က အလကားရတဲ့ ဘောလုံး ဂျာနယ်တွေကို ဖတ်နေတာလည်းပါတာပေါ့။
ဒါနဲ့ သူကမရပ်သေးပဲ လစာ ဘယ်လောက်ရလဲတဲ့။
ကျွန်တော်က ၂သောင်းခွဲလို့ပြောလိုက်တယ်။ သူကဆက်ပြီးမေးပြန်တယ်။ အမြဲညုပ်နေတော့ ရင်းနှီးနေတာလဲပါတာပေါ့။
ဘယ်မှာနေလဲတဲ့ ဆိုတော့ ကျွန်တော်ကလည်း နေတဲ့နေရာပြောလိုက်တော့ ဆရာသမားက လက်ညိုးတောင်တွက်လိုက်ပြီး
အမလေး ညီလေးရယ် မင်းလစာက လမ်းစရိတ်တောင်ကာမိရဲ့လား။ မင်းဘယ်လို့များစားနေလဲဆိုပြီး ဂရူဏာ  လေသံလေးနဲ့
ပြန်ပြောပါတယ်။
ကျွန်တော်လဲ ဖတ်လက်စဂျာနယ်လေးကိုချပြီး တစ်ခါတစ်လေဆို ဥပုသ် စောင့်တာပေါ့ အစ်ကိုရယ် ပြောလိုက်တော့ သူလဲ
ခေါင်းလေးကုပ်လို့ ဆံပင်ညုပ်ဆရာက Programmer ကိုသနားရတဲ ဘဝမှာ တစ်ခါတစ်ရံ ကားခိုးစီးခဲ့ဘူးပါ၏။ 
Last Updated ( Monday, 22 June 2009 )
Integrating with Google Map into Web Application
Written by Administrator   
Wednesday, 10 June 2009
အခုဆိုရင် web platform ပေါ်မှာ Google ရဲ့ နေရာယူလွှမ်းမိုးလာမှုကတော့ ပြောစရာလိုမယ် မထင်တော့ပါဘူး။
Application ဖြစ်တယ်ဆိုတာကို အားလုံးအသိပဲ။ အဲ့ဒီလို အလွန်အသုံးဝင်လှတဲ့ Google Map API ကို ကိုယ့်ရဲ့
web application ကနေပြီး ခေါ်သုံးနိုင်ပါတယ်။
ဒါကတော့ Register လုပ်ရမဲ့ Link ပါ။
Register Here: 
http://www.google.com/apis/maps/signup.html
ကျွန်တော်လည်း ဒီ code ကို Googling လုပ်ရင်း phpclasses.org ကနေပြီး ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပါတယ်။
နောက် php တစ် file ရယ် စုစုပေါင်း အနေနဲ့  (၂) files ပဲပါပါတယ်။ Usage လေးကို နည်းနည်း ပြောပြပါမယ်။
ဒါကတော့ Usage Code ပါ။
<?php
require'EasyGoogleMap.class.php';
$gm = & new EasyGoogleMap("yourgooglemapkeyhere");
$gm->SetMarkerIconStyle('STAR');
$gm->SetAddress("Singapore, Changi Airport");
$gm->SetInfoWindowText("This is Changi Airport at Singapore.");
$gm->SetSideClick('Changi Airport');
?>
<html>
<head>
<title>EasyGoogleMap</title>
<?php echo $gm->GmapsKey(); ?>
</head>
<body>
<?php echo $gm->MapHolder(); ?>
<?php echo $gm->InitJs(); ?>
<?php echo $gm->GetSideClick(); ?>
<?php echo $gm->UnloadMap(); ?>
</body>
</html>
EasyGoogleMap ဆိုတဲ့ class ကို object create လုပ်တဲ့ နေရာမှာ Register လုပ်တုန်းက ရထားတဲ့ API Key
ကို pass လုပ်ပေးရပါမယ်။
SetMarkerIconStyle ဆိုတာကတော့ ကိုယ်ရှာလိုက်တဲ့ နေရာကို ဘယ်လို Icon မျိုးနဲ့  ပြချငလဲဆိုတာကို သတ်မှတ်တာ
ဖြစ်ပါတယ်။ ဒီမှာတော့ STAR နဲ့ ပြထားပါတယ်။
SetAddress ကတော့ ဘယ်နေရာကို ရှာချင်တာလဲ ဆိုတာကိုထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီ Example မှာတော့
Singapore ရဲ့ Changi Airport ကိုရှာပြထားတာပါ။
SetInfoWindowText ကတော့ ကိုယ်ရှာထားတဲ့ နေရာလေးကို Popup အနေနဲ့ ပြမှာ ဖြစ်ပါတယ်။
SetSideClick ကတော့ user click နိုင်တဲ့ link ထဲ့ဖို့ပါ။ နောက်ပြီး html body ထဲမှာ သူပြောတဲ့ အတိုင်းထည့်ပေး ရပါမယ်။
ဒါကတော့ ဒီ class ကို ပြန်သုံးတဲ့ usage ပဲ ဖြစ်ပါတယ်။ ကျွန်တော်လည်း ဒီလောက်ပဲ သိပါတယ်ခင်ဗျာ။
ဒီ sample ကို စမ်းချင်လို့ ရှိရင် ဒီမှာ Down နိုင်ပါတယ်။ ဒါကတော့ ကျွန်တော့ hosting ပေါ်မှာ Testing လုပ်ထားတာ
ဖြစ်ပါတယ်။ လာပြီး စမ်းကြည့်နိုင်ပါတယ်။ Pls Try Here Smile
Last Updated ( Wednesday, 10 June 2009 )
<< Start < Prev 1 2 3 4 5 6 7 8 9 10 Next > End >>
Results 1 - 4 of 75
Download Center By Category
PHP နဲ့ဆိုင်သော eBook များ ဒီနေရာ မှာ ရယူနိုင်ပါတယ်။
Joomla နဲ့ဆိုင်သော eBook များ ဒီနေရာ မှာ ရယူနိုင်ပါတယ်။
ASP.net နဲ့ဆိုင်သော eBook များ ဒီနေရာ မှာ ရယူနိုင်ပါတယ်။
AJAX နဲ့ဆိုင်သော eBook များ ဒီနေရာ မှာ ရယူနိုင်ပါတယ်။
Java နဲ့ဆိုင်သော eBook များ ဒီနေရာ မှာ ရယူနိုင်ပါတယ်
Oracle နဲ့ဆိုင်သော eBook များ ဒီနေရာ မှာ ရယူနိုင်ပါတယ်။
Other CMS နဲ့ဆိုင်သော eBook များ ဒီနေရာ မှာ ရယူနိုင်ပါတယ်။
တခြား eBook များကို ဒီနေရာမှာ ရယူနိုင်ပါတယ်။